ကောင်မလေးရယ် ...
ဒီဇင်ဘာလို အေးစက်တဲ့
စကားလှိုင်းတွေကြား
ငါ့အချစ်တွေေ၀၀ါးနေခဲ့လို့
တိမ်တွေလို လွင့်မျောရင်း
တစ်ဖက်သတ် ချစ်ခဲ့မိတာကြောင့်
ရှေ့ဆက်မရမှန်း သိပါတယ် ...
မျှော်လင့်ချက်မဲ့ နှလုံးသားရဲ့
ရင်ခုန်သံ အပိုင်းအစတွေလောင်မြိုက်
အသည်းကွဲခြင်း နိဒါန်းတွေနဲ့အတူ
တစ်ကိုယ်တည်း ကြေကွဲနေရတဲ့
မိုးရာသီ ဇာတ်လမ်းအတိုင်း
မျက်ရည်စက်တွေ စီးဆင်းလို့
ပင်လယ်လို အဖော်မဲ့ခဲ့ရသူပါ ...
မင်းရဲ့ အပြုံးတစ်ပွင့်
မတော်တဆ ဝေ့၀ဲလာရင်တောင်
မချစ်မှန်း သိလည်းပဲ
ရင်ခုန်သံတွေ မှားယွင်းပြီး
နွေဆန်ဆန် နှလုံးသားနဲ့
ပျော်ရွှင်နေမှာပါကွယ် ... ။
Subscribe to:
Post Comments (Atom)




No comments:
Post a Comment